Main menu

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ လေ့လာရေးခရီးသွားရောက်

Powered by Drupal

        ၆.၁၂.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ၊ ဌာနခွဲတာဝန်ခံများနှင့် ပဲခူးခရိုင်ဦးစီးမှူး ၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများ စုစုပေါင်း (၁၅) ဦးသည် ပဲခူးတိုင်းဒေသကြီး ၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရှိ ရုံးလုပ်ငန်းဆိုင်ရာများ ၊ စာရင်းဇယားထားသို သိမ်းဆည်းမှုနှင့် စပ်လျဉ်း၍ လေ့လာနိုင်ရန်အတွက် ရက်တိုလေ့လာရေးခရီးစဉ်သွားရောက်ခဲ့ပါသည်။

        အဆိုပါ လေ့လာရေးခရီးစဉ်တွင် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ ရုံးစတင်ဖွဲ့စည်း၍ ဝန်ထမ်းနေရာချထားမှု အခြေအနေများ ၊ မိမိတို့ ဌာနမှ ဆောင်ရွက်နေရသည့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ ယခုလိုရုံးဌာနအတွင်း စာရင်းဇယား ထားသို သိမ်းဆည်းမှုများကို လေ့လာခွင့်ရသည့်အတွက်  ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး ဝန်ထမ်းများမှ ရုံးအသုံးအဆောင်ထားသိုသိမ်းဆည်းမှုများ ၊ စာရင်းဇယား ထားသိုသိမ်းဆည်းမှုနှင့် စာအုပ်စာတမ်း ထားသိုသိမ်းဆည်းမှုများကို လှည့်လည်ကြည့်ရှု၍ လေ့လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)