Main menu

ညောင်လေးပင်မြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ ညောင်လေးပင်မြို့ ၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော စည်သွပ်အစားအစာများကို ၁၃.၁၂.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့မဈေးအတွင်းရှိ စည်သွပ်အစားအစာများသည် စားသုံးသူများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ရှိ/မရှိ ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပါ အာမခံချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ၊ အာမခံချက်နှင့်ကိုက်ညီသော အရည်အသွေးမြင့်မားသော ကုန်စည်များကို  ရောင်းချရန် နှင့် စားသုံးသူကာကွယ်‌ရေး ဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန် ၊ ဝတ္တရားများကို ဆိုင်ပိုင်ရှင်များ သိရှိနိုင်စေရန် အသိပညာပေး၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)