Main menu

ဝက်လက်မြို့၊ အမှတ်(၃)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ အမှတ်(၃)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့၌ မြို့နယ်တာဝန်ခံဦးမျိုးအောင်သည် ကျောင်း သား/ကျောင်းသူ (၅၀)ဦးနှင့် ဆရာ/ဆရာမ(၆)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် ဝက်လက်မြို့နယ်တာဝန်ခံဦးမျိုးအောင်မှ စားသုံးသူရေးရာဦးစီး ဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ Vision၊ Missionများ၊စားသုံးသူ၏ အခွင့်အရေး များကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေကို ပြဌာန်းထားကြောင်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)  ပါအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုဖြစ်ပါက ဝယ်ယူသည့်သက်သေအထောက်အထားနှင့်တကွ အရေးဆိုတိုင်ကြားရမည်ဖြစ်ကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပါက Online ဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ လူကိုယ် တိုင်သော်လည်းကောင်း တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center နံပါတ် 1535 သို့ ရုံးဖွင့်ရက် ရုံးချိန်အတွင်းမည်သည့် Operator Ph No.က ဖြစ်စေခေါ်ဆို၍ သိရှိလိုသည်များကို စုံစမ်း မေးမြန်းနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ/ ဆရာမ(၆)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၅၀)ဦးတို့အား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)