Main menu

ပြည်ထောင်စုဝန်ကြီး၊ ကချင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဝန်ထမ်းများနှင့် တွေံ့ဆုံမှာကြား

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ၁၃.၁၂.၂၀၂၂ ရက်နေ့ နံနက် ၁ဝး၀၀ နာရီ အချိန်တွင် ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံခဲ့ပါသည်။

   ပြည်ထောင်စုဝန်ကြီးကလမ်းညွှန်အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနသည် ကုန်သွယ်လယ်ယာမှ ကူးပြောင်းလာခြင်းဖြစ်ကြောင်း၊ ယခင်အချိန်တွင် ကုန်သွယ်လယ်ယာသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဓိကဌာနတစ်ခုဖြစ်သလို ယခုအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနသည်လည်း အဓိကဌာနဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနရှိဝန်ထမ်းများ သည် မိမိဒေသဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိဒေသထွက်ကုန်များကို နိုင်ငံခြားသို့တင်ပို့နိုင်ရေး ဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်။ ပြည်တွင်းကုန်သွယ်မှုနှင့်စားသုံးသူ ရေးရာဦးစီးဌာနဟု ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ မိမိဒေသထွက်ကုန်များကို အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ စီးထွက်နိုင်ရေးဆောင်ရွက်ရန်နှင့် မိမိဒေသတွင်လိုအပ်သော ထွက်ကုန်များကိုလည်း အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ စီးဝင်နိုင်ရေးဆောင်ရွက်ကြရန်၊ ဒေသထွက်ကုန်များကို အခြား တိုင်းဒေသကြီး/ပြည်နယ်များနှင့်ချိတ်ဆက်ပေးပို့၍ ကိန်းဂဏန်းများတိုးတက်အောင် ဆောင်ရွက်ရန် နှင့် ကချင်ပြည်နယ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရန် ဝန်ထမ်းအားလုံး၏တာဝန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန ၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ဝန်ထမ်းများအနေဖြင့် စွဲမြဲမှတ်သားထားရန်နှင့် အလေးအနက်ထား ဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်။ ထို့အပြင် ဝန်ထမ်းများသည် မိမိအဆင့်နှင့် အညီ တာဝန်ကျေပြွန်အောင်ဆောင်ရွက်ရန်နှင့် အလုပ်လုပ်ပြီးစည်းကမ်းရှိသော ဝန်ထမ်းများဖြစ်ဖို့ လိုအပ်ပါကြောင်း၊ တစ်ယောက်ချင်းတစ်ဦးချင်းကောင်းမွန်၍ကြိုးစားသွားခြင်းဖြင့် ဌာန၏ဂုဏ်သိက္ခာ တိုးတက်မြှင့်မားပြီးအောင်မြင်သည့် ဌာနတစ်ခုဖြစ်လာမှာဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ရည်မှန်းချက်များအား ဝန်ထမ်းတိုင်းကျက်မှတ်ထားရန်နှင့် ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဌာနအကြီးအကဲများ လာရောက်သည့်အခါတိုင်း မေးမြန်းသွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့‌ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)