
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ ) ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ( ၁၂ ) ရက်၊ နေ့လယ် ( ၁၄:၀၀ )နာရီ အချိန်တွင် လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်ရပ်ကွက်ရှိ ကိတ်မုန့်၊ ပေါင်မုန့်များ ထုတ်လုပ်ရောင်းချနေသော “ အောင်အောင် ’’ မုန့်ဖိုသို့ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးရာတွင် “ အောင်အောင် ’’မုန့်ဖို၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် မုန့်များတွင် ဖော်ပြထားသောကုန်အမှတ်တံဆိပ်သည် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုအား သတင်းရရှိပါသည်။
DOCA(ကယား)
