Main menu

အထက (၂) ကျိုက်ထိုကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် ကျိုက်ထို မြို့နယ်တာဝန်ခံတို့သည် ၁၃.၁၂.၂၀၂၂ ရက်နေ့တွင်    မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အထက (၂) ကျိုက်ထိုကျောင်း၊ စိန်ရတုခန်းမ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ခြင်းနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

           အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျောင်းကျန်းမာရေးနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး မြို့နယ်သစ်တောအရာရှိ မှ သစ်ပင်ပျိုးထောင်စိုက်ပျိုးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့်ပတ်သက်၍ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေး အရာရှိမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်ရွက်ဆွေး မြေဩဇာပြုလုပ်နည်းအကြောင်းကိုလည်းကောင်း၊ စည်ပင်သာယာရေးအမှုဆောင် အရာရှိမှ အမှိုက်စီမံခန့်ခွဲမှုနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှုဆိုင်ရာအကြောင်းကို လည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆိုင်ရာအချက်အလက်များကိုလည်းကောင်း၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းကို လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)