Main menu

ချောက်မြို့၊ ရွာဟောင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာ များပူးပေါင်း၍(၉.၆.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၀၀) အချိန်တွင် ရွာဟောင်းရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

          ရှေးဦးစွာ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စားသုံးရန်မသင့်သော အစားအစာများနှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိသည့် အစားအသောက်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်ရေး နှင့် Online လိမ်လည်မှုများ” အကြောင်းကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ များ” အကြောင်းကို လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး စားသုံးသူအသိပညာပေးလက်ကမ်း စာစောင်များ၊ ရေဘေးကာကွယ်ရေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။ အသိပညာပေး ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၆၅)ဦး တက်‌ရောက်ခဲ့ကြောင်းသိရသည်။

     ဆက်လက်၍ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ကျောင်းအတွင်း ရောင်းချနေသော ကျောင်းမုန့်စျေးတန်းရှိ မုန့်ဆိုင်များအား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်း စေရေး စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှုရှိ/မရှိ စစ်ဆေးခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)