Main menu

ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦး‌ဘောမ်ဇုန်းသည် ၁၄.၁၂.၂၀၂၂ရက်နေ့ နံနက်၁၁း၀၀နာရီအချိန်တွင် ဝိုင်းမော်မြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား   ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍   စားသုံးသူ ကာကွယ်ရေးဥပဒေပါပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် xxx အမှတ်တံဆိပ်ပါ ပုဇွန်အရသာအကြော်နှင့် xxx အမှတ်တံဆိပ်ပါ ကုလားပဲချောင်းကြော်တို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့်  ကုန်စည်၏အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှု အညွန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်စသည့်အချက်များ ကုန်အညွှန်းအမှတ်အသားဖော်ပြထား ရှိခြင်း ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)