Main menu

စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၏ မေလအတွင်း စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှု

Powered by Drupal

               ရှမ်းပြည်နယ်စီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွား ကိုထိရောက်စွာ ကာကွယ်ပေးနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူ ကာကွယ်ရေးဥပဒေ၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေများ၊ ထုတ်ပြန်ထားသော အမိန့် ကြော်ငြာစာ များ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသကဲ့သို့ စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စားသုံးသူပြည်သူများ ပွင့်လင်းမြင်သာမှုရှိစေရန် စားသုံးသူများ ရသင့်ရထိုက်သည့်အခွင့်အရေးများ၊ စားသုံးသူအကျိုးစီးပွား နစ်နာဆုံးရှုံးများ တိုင်ကြား မှုဖြေရှင်းခြင်းလုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးအနေဖြင့် တောင်ကြီးမြို့၊စဝ်စံထွန်းဈေးတွင်လည်းကောင်း၊ ကလောခရိုင် ဦးစီးမှူးရုံးအနေဖြင့် အောင်ပန်းမြို့ ဇောတိကစံပြကျေးရွာတွင်လည်းကောင်း၊ လွိုင်လင်ခရိုင်ဦးစီး မှူးရုံးအနေဖြင့် ပင်လုံမြို့၊မြို့လယ်ဓမ္မာရုံတွင်လည်းကောင်း၊ ပင်းတယဒေသဦးစီးမှူးရုံးအနေဖြင့် ပင်းတယမြို့ ငှက်ပျောတောရပ်ကွက်တွင်လည်းကောင်း၊ဒုတိယပြည်နယ်ဦးစီးမှူးရုံး ကျိုင်းတုံအနေ ဖြင့် ကျိုင်းတုံမြို့၊ရပ်ကွက်(၄)တွင်လည်‌ကောင်း အသိပညာပေးဟောပြောခြင်း စုစုပေါင်း (၅)ကြိမ်နှင့် ၂၀၂၆ ခုနှစ်၊ မေလအတွင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဌာန၏မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ဆက်သွယ် တိုင်ကြားနိုင် သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှုဖြစ်စဉ်များကို အသိပညာ ပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

       စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားလာစေရေး၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော လုပ်ငန်းရှင်များဖြစ်လာစေရေးတို့ကိုရည်ရွယ်၍ စားသုံးသူကာကွယ် ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေနွေးအသိပညာပေးမှုများကိုလည်း ရှမ်းပြည် နယ်ဦးစီးမှူးရုံး၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊  ကလောခရိုင်ဦးစီးမှူးရုံး အနေဖြင့် (၃)ကြိမ်၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၃)ကြိမ်၊ ပင်းတယဒေသဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး လားရှိုးခရိုင်အနေဖြင့်(၄)ကြိမ်၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး ကျိုင်းတုံမှ (၁)ကြိမ်  စုစုပေါင်း(၁၅)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့ တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခြင်းများ ပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံများ၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များ ပြည့်စုံစွာ ပေးရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင်စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေး အသိပညာပေးခြင်း၊ ရည်ညွှန်းဈေး သတ်မှတ်ထားသော ကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး ဆွေးနွေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့်သက်ဆိုင်သော လက်ကမ်းစာစောင် များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)