Main menu

မုဒုံမြို့နယ်တွင် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသည့် ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ (၁၈.၆.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၂း၀၀) နာရီအချိန်ထိ ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် အစား အသောက်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသည့် မုဒုံမြို့နယ်ရှိ ရွှင်ပျော်ပျော်-၁ (စားသောက်ဆိုင်)၊ ရွှင်ပျော်ပျော်-၂ (စားသောက်ဆိုင်)၊ စည်းစိမ်တိုး(စားသောက်ဆိုင်)၊ နမ့်ခမ်း (စားသောက်ဆိုင်)၊ Lucky (စားသောက်ဆိုင်) များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာ သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၌ သင့်လျော်သောဝတ်စုံ၊ ဦးထုပ်၊ လက်အိတ် ဝတ်ဆင်ထားခြင်း ရှိ/မရှိ၊ အစားအသောက်ပြင်ဆင်သည့်နေရာနှင့် ချက်ပြုတ်သည့်နေရာ၊ ပန်းကန်များအား သီးခြားစီ ထားရှိခြင်း ရှိ/မရှိ၊ ဝန်ဆောင်မှုပေးသူ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/မရှိ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား သတင်းအချက်အလက် ကြိုတင် အသိပေးဖော်ပြထားခြင်း ရှိ/မရှိ၊ ရောင်းချသည့်အစားအသောက်များ၏ အမျိုးအစား အလိုက် ဈေးနှုန်းအား စားသုံးသူများသိရှိစေရန် ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေး ဖော်ပြထားခြင်း ရှိ/မရှိ၊ ဝန်ဆောင်မှုပေးသည့် အဖိုးအခကောက်ခံမည်ကို ကြိုတင်အသိပေး ဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။   

 DOCA (မွန်)