Main menu

ပြည်ခရိုင်အတွင်းရှိ စားသုံးသူကာကွယ်ရေးဥပဒေနှင့် Online Sale ရောင်းချခြင်းဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံး အနေဖြင့်   ရပ်ကွက်/ကျေးရွာနေ    စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော   ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်တွင် ၂၀၂၆ခုနှစ်၊ မေလ(၁၆)ရက်မှ(၃၁)ရက်အတွင်း ပြည်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ပြည်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေး TalkShowပွဲပြုလုပ်ခြင်း၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြန််ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပူးပေါင်း၍ စားသုံးသူ အသိပညာပေး TalkShowပွဲပြုလုပ်ခြင်းများ ကိုလည်းကောင်း၊ OnileSaleလုပ်ငန်းများနှင့် ပက်သက်၍ အသိပညာပေးဟောပြောဆွေးနွေးရာတွင် ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြန််ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ TalkShowပွဲပြုလုပ်ခြင်း ကိုလည်းကောင်း၊ ရွှေတောင်မြိုနယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် စည်းလုံချည်လုပ်ငန်းရှင်များ ကိုလည်းကောင်း၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပြန််ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ TalkShowပွဲပြုလုပ်ခြင်းကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ သည်မြို့နယ်တာဝန်ခံရုံးတွင် ရပ်ကွက်နေပြည်သူများကိုလည်းကောင်း စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် OnlineSaleရောင်းချခြင်းဆိုင်ရာ အသိပညာပေးခြင်းများ   ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများမှ စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသောကုန်စည်များအားရွေးချယ်ဝယ်ယူခြင်းမပြုရန်၊ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)