
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်သည်(၁၀.၆.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီ အချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပခုက္ကူမြို့ပေါ်ရှိ စားအုန်းဆီလက်လီ/လက်ကားရောင်းချသော ကိုယ်စားလှယ် များ နှင့် စားအုန်းဆီရောင်းချ ဖြန့်ဖြူးမှုနှင့်စပ်လျဉ်း၍ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စားအုန်းဆီရောင်းချသော ကိုယ်စားလှယ်များအား စားသုံးသူပြည်သူများသို့ ဆီဖြန့်ဖြူးရောင်းချသည့် စည်းကမ်းသတ်မှတ်ချက်များ၊ ပြည်သူလက်ဝယ် ရောက်ရှိနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန်၊ အိမ်ထောင်စု များသို့ ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံမှု အားကောင်းစေရန် ၊ သတ်မှတ်ကာလအတွင်း ရောင်းချရမည့် ပမာဏကို ဈေးနှုန်းမှန်ကန်စွာဖြင့် အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ဖြန့်ဖြူးရောင်းချရန် ၊ သတ်မှတ်ထားသော မှန်(၆)မှန်ဖြင့် ရောင်းချရန်လိုအပ်ကြောင်း အသိပေးဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်(၉)ဦးတက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(မကွေး)
