
စားသုံးသူရေးရာဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ငွေစာရင်းဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်တင်တင်မော် နှင့် ဝန်ထမ်းများ အဖွဲ့သည်(၁၆.၆.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပရာ ဆရာ/ဆရာမ(၃)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၀၀)ဦး၊ စုစုပေါင်း (၁၀၃)ဦး တက်ရောက်ခဲ့ ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ၊ အခန်း(၉)စားသုံးသူ၏ အခွင့်အရေး(၈)ချက် နှင့် စားသုံးသူ၏တာဝန်များ အကြောင်းကို အသေးစိတ်ဆွေးနွေးခဲ့ပါသည်။ ငွေစာရင်းဌာနခွဲ တာဝန်ခံ က စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)၊ ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်(၈)ချက်ကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ် ကြောင်း၊ ပုဒ်မ(၄၃)ပါပြဌာန်းချက်နှင့်ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း (သို့မဟုတ်)ရောင်းချခြင်းမပြုရန်၊ ပုဒ်မ(၆၇)နှင့် ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း(၂၀၀)ထက်မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် နိုင်ပါကြောင်း ရှင်းလင်းဆွေးနွေး ပြီးကျောင်းသား /သူများနှင့် အမေးအဖြေပြုလုပ်၍ ဖြေဆိုနိုင်သူအား ဆုချီးမြှင့်ခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
