Main menu

စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ၊ စက်မှုလုပ်ငန်းသုံးစားအုန်းဆီ ဝယ်ယူခွင့်ရရှိသည့် လုပ်ငန်းများနှင့် ဆန်အရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ဖြန့်ဖြူးမှုရှိ/မရှိ၊ စားအုန်းဆီများအား ပြည်သူများလက်ဝယ်အရောက် အမှန်တကယ် ရောင်းချပေးခြင်း ရှိ/မရှိ၊ စက်မှုလုပ်ငန်းသုံးစားအုန်းဆီများရောက်ရှိမှု၊ ဖြန့်ခွဲမှုအခြေ အနေများနှင့် စက်မှုလုပ်ငန်းများအတွက် ဝယ်ယူခွင့်ရရှိသည့် စားအုန်းဆီများအား လုပ်ငန်းများတွင် အမှန်တကယ် သုံးစွဲမှုရှိ/မရှိ၊ ချောက်မြို့နယ်အတွင်း ဆန်စပါးစျေးနှုန်းတည်ငြိမ်ရေးနှင့် အဆမတန် စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းချစေရေးအတွက် (၁၅.၆.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် တာဝန်ရှိသူများမှ မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးတို့ဦးဆောင်၍ ကုန်စျေး နှုန်းတည်ငြိမ်ရေးအဖွဲ့များသည် ဆန်ဆိုင်များနှင့်ဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်  ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များအား အသိ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)