
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ခရိုင်တာဝန်ခံ)သည် (၁၉-၆-၂၀၂၆) ရက်နေ့တွင် မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်လက်မှတ်ရရှိပြီး လုပ်ငန်းရှင် များဖြစ်သော ကချင်ရိုးရာထည်အမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းရှင် (၁) ဦး၊ lady Han ဒေသထွက်ကုန် ကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင် (၁) ဦး၊ Sun Light ၊ Silver Light စာအုပ်အမျိုးမျိုး ရောင်းချ သည့်လုပ်ငန်းရှင် (၁) ဦး၊ SHERRY ကော်ဖီနှင့်မုန့်အမျိုးမျိုး ရောင်းချသည့်လုပ်ငန်းရှင် (၁) ဦး၊ စုစုပေါင်း (၄) ဦးတို့နှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဟောပြောရာတွင် စားသုံးသူအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက် ၍ သိထားသင့်သောအချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်ပစ္စည်းရောင်းချရာတွင် ပစ္စည်းမှန်ကန်ရမည့်အကြောင်း၊ စားသုံးသူတို့နစ်နာဆုံရှုံး၍ တိုင်ကြားလာပါက ရောင်းချသူအနေဖြင့် တာဝန်ယူဖြေရှင်းပေးရမည်ဖြစ် ကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများစိစစ်သင့်သည့် အချက်အလက် များ၊ တရားမဝင်ကုန်စည်များ ရောင်းချခြင်းမပြုရန်နှင့် တရားဝင်ကုန်စည်များကိုသာ ရောင်းချရမည် ဖြစ်ကြောင်း၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်လုပ်ငန်းအဖြစ် သတ်မှတ်ထား ရှိမှုအခြေအနေ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃အရ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် လျှောက်ထားမှုအတွက် သတ်မှတ်ချက်၊ ပြင်ဆင် လျှောက်ထားခြင်း၊ သတ်တမ်းတိုးလျှောက်ထားခြင်းအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန် နှင့် အခွင့်အရေးများအကြောင်း၊ မှတ်ပုံတင်ထုတ်ပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာအကြောင်း အရာများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
