
၁၉.၆.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သထုံမြို့ရှိ အ.မ.က (ဘူတာ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အ.မ.က (ဘူတာ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းလှိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းမှ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် မဝယ်မီ ကုန်အညွှန်းအမှတ်အသားများကို သေချာစိစစ်ဖတ်ရှုရန်၊ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို အသေးစိတ်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရပါသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမ (၇) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၁၇၀) ဦး စုစုပေါင်း (၁၇၇) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါ သည်။
DOCA (မွန်)
