Main menu

သဲကုန်းမြို့နယ်အတွင်းရှိ မြို့နယ်များသို့ ကွင်းဆင်း၍ မုန့်လုပ်ငန်းရှင်များအားအသိပညာပေးဆွေးနွေးခြင်းပြုလုပ်

Powered by Drupal

             စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် အရည်အသွေးပြည့်မီသော စားသောက်ကုန်များ ထုတ်လုပ်နိုင်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး (အနောက်) နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ရင်းတိုက်မှော် ကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ပုတီးကုန်းမြို့ရှိ ဦးတင်ရှိန်မုန့်မျိုးစုံ၊ ကောင်းကင်ကြယ် ပေါင်မုန့်လုပ်ငန်းရှင် ဦးကျော်ဝင်းနှင့် ပဲချောင်းကြော်လုပ်ငန်းရှင် ဦးလှဌေး တို့အား ၂၀၂၆ခု ဇွန်လ  ပထမပတ်တွင် သဲကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန  မြို့နယ်တာဝန်ခံ ဦးထင်ဇော်ထွန်း (ဒု-ဦးစီးမှူး) ကတွေ့ဆုံ၍ အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

               ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး အခန်း(၁၈)ပါ ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန် ကုန်စည်၏ အရည်အသွေး ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း သုံးစွဲပုံနည်းလမ်း များအားလည်ကောင်း၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်း၊ သန့်ရှင်းမှုရှိခြင်းတို့ကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

DOCA(ပဲခူး)