Main menu

 ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံ

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့လည် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ပြည်ထောင်စုဝန်ကြီးအား ဂါရဝပြု မိတ်ဆက်ခဲ့ကြပြီး ဝန်ကြီးမှဝန်ထမ်းများအား ဝန်ကြီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက် များကို ရှင်းပြ၍ ကုန်သွယ်မှုနှင့်ပတ်သတ်သည့် ဆောင်ရွက်ရမည့် အဓိက အပိုင်း(၄) ပိုင်းရှိကြောင်း မိမိဒေသထွက်ကုန်များထွက်ရှိမှု၊ ကုန်သွယ်မှုနှင့် အခြားဒေသထွက် ကုန်စည်များစီးဝင်နေမှုကို သိရှိ ရန်နှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်မှာ ဝန်ထမ်းတိုင်းတွင် တာဝန်ရှိကြောင်း၊ ဒေသတွင်း MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်များ အကောင် အထည်ဖော်ရာတွင် ဝန်ထမ်းအားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)