Main menu

နွားထိုးကြီးမြို့နယ်တွင် စားသုံးသူအကာကွယ်ပေးရေးအသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဦးသန်းအေးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောမှုအစီအစဉ် Talk Show အား (၁၄.၁၂.၂၀၂၂) ရက်နေ့ နေ့လည်(၁၄:၃၀)နာရီအချိန်တွင် လူထုအခြေပြုဌာန(Community Center)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန်းအေးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်အမျိုးအစားအလိုက်ထည့်သွင်းဖော်ပြရမည့်အချက်များ၊ ကုန် စည်များတွင် မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ထည့်သွင်းဖော်ပြရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက အပြစ်ပေးအရေးယူခံရနိုင်သည့် ပြစ်မှု နှင့်ပြစ်ဒဏ်များအကြောင်း စသည်ဖြင့် အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်းသိရပါသည်။

DOCA(မန္တလေး)