Main menu

ကလေးဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံးတွင် Talk Show ပြုလုပ်ခြင်း

Powered by Drupal

      စားသုံးသူပြည်သူများကို စားသုံးသူရေးရာဉီးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များ သိမြင်နားလည် တိုးတက်မှုများရရှိစေရန်အတွက် ရည်ရွယ်၍ Talk Show အစီအစဉ်များ ကျင်းပပြုလုပ်လျက်ရှိရာ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ကို ကလေးဝမြို့နယ်မှ မြို့နယ်တာဝန်ခံ ဉီးကျော်ကျော်မိုး (ဒု-ကြီးကြပ်ရေးမှူး)နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးဇော်ဝင်းထွန်းတို့က  ( ၁၃.၁၂.၂၀၂၂ ) ရက်နေ့၊ နံနက် ( ၁၁  : ၃၀ ) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ စားသုံးသူရေးရာဉီးစီးဌာန၊ မြို့နယ်တာဝန်ခံ ဉီးကျော်ကျော်မိုးမှ “ကုန်စည်ဝန်ဆောင်စိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ခေါင်းစဉ်ဖြင့်  Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)