Main menu

မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေဩဇာရောင်းချခြင်း ရှိ /မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      မြင်းပျံအမှတ်တံဆိပ်ဓာတ်မြေဩဇာများထဲတွင် အခြားဓာတ်မြေဩဇာများ ထည့်သွင်း၍  ဈေးကွက်အတွင်း ဖြန့်ဖြုးရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး၍ ပြန်လည်တင်ပြရန် ညွှန်ကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် စစ်ဆေးရေးအရာရှိများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ပူးပေါင်း၍  ဒီဇင်ဘာလ(၅)ရက် နေ့လယ် (၁၃း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက်ရှိ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးအမျိုးမျိုးအရောင်းဆိုင် တက်နေရောင်နှင့် ရွှေပြည့်ကျော် ဆိုင်(၂) ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် မြင်းပျံတံဆိပ်ဓာတ်မြေဩဇာမှာ မြန်မာပြည်မှ ထုတ်လုပ်ခြင်းမဟုတ်ဘဲ ထိုင်းနိုင်ငံမှ ဝင်ရောက်ခြင်းဖြစ်ပြီး ကုန်အမှတ်တံဆိပ်ကို ထိုင်းဘာသာစာများဖြင့် ဖော်ပြထားကြောင်း မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိ၍ ရောင်းချခြင်းမပြုကြောင်း တက်နေရောင်ဆိုင်ပိုင်ရှင်ထံမှ သိရှိရပြီး စစ်ကိုင်းမြို့ပေါ်တွင် မြင်းပျံတံဆိပ် ဓာတ်မြေဩဇာရောင်းချမှုမရှိကြောင်း   စစ်ဆေးသိရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)