Main menu

ကသာမြို့ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး(ဦးစီးမှူး)နှင့်အတူ ကသာမြို့နယ်တာဝန်ခံနှင့် ဌာနမှဝန်ထမ်းများသည် ၂၀၂၂-ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နှင့် (၁၄)ရက်နေ့များတွင် ကသာမြို့ပေါ်ရှိ ဆေးဆိုင်များ၌ ဆေးများအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းနှင့် တားမြစ်ဆေး/ စံမညီဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

          စစ်ဆေးရာတွင် ဆေးဆိုင်များအနေဖြင့် ကုန်ဈေးနှုန်း မြှင့်တက်မှုများရှိသည့်အလျောက် ဆေး ဈေးနှုန်းများသည်လည်း  ယခင်ထက် ဈေးနှုန်းမြှင့်တက်လာမှုများရှိသော်လည်း ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ထားခြင်းများ မရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် သက်တမ်းလွန်ဆေးဝါး များနှင့် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့်  သုံးစွဲရန် မသင့်သည့် တားမြစ်ဆေးဝါးများ/စံမညီ ဆေးဝါးများ ရောင်းချမှုမရှိသည်ကိုလည်း တွေ့ရှိရကြောင်းနှင့် ဆေးဆိုင်များအား သုံးစွဲရန်မသင့်သည့် ဆေးဝါးများ၊ သက်တမ်းကုန်ဆုံးနေသည့် ဆေးဝါးများအား ရောင်းချခြင်းမပြုရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)