ကလေးခရိုင်ရုံးမှ ( ၁၃.၁၂.၂၀၂၂ ) ရက်နေ့တွင် ဒေါ်သန်းသန်းဝင်း(ခရိုင်ဉီးစီးမှူး)နှင့် ဝန်ထမ်းများသည် တောင်ဇလပ်ရပ်ကွက်ရှိ “တောင်ဇလပ်သောက်ရေသန့်” လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဉီးစီးမှူးမှ မိမိတို့လုပ်ငန်းလုပ်ဆောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်များပြည့်စုံမှုရှိ/မရှိ သောက်ရေသန့်ဘူးပေါ်တွင် မြန်မာ ဘာသာနှင့် ကုန်အညွှန်းအမှတ်အသားဖြင့် ရေးသားဖော်ပြထုတ်လုပ်ရောင်းချခြင်းရှိ/မရှိ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသောက်သုံးရေးအတွက် ထုတ်လုပ်မှုလုပ်ငန်းလိုင်စင်ရှိ/မရှိ ဆွေးနွေးပြောကြားခဲ့ပြီး လုပ်ငန်းရှင် ဉီးဗန်ဇမုန်မှလည်း လက်ရှိလုပ်ငန်းလုပ်ဆောင်မှုတွင် မီး (၂၄) နာရီ ရရှိမှုမရှိသည့်အတွက် ဆီတစ်ပေပါလျှင် (၇၅၀၀၀၀ ) ပေး၍ လုပ်ငန်းလည်ပတ်နေရသည့်အတွက် ကုန်ကျစရိတ်များကာ လုပ်ငန်းတွင်ကျယ်စွာ လုပ်ဆောင်နိုင်ရန် များစွာအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)