Main menu

မုံရွာမြို့ပေါ်ရှိ ဆေးဆိုင်များအား စံနှုန်းနှင့် ညီ/မညီ၊ ရောင်းချမှု ရှိ/မရှိ များကို မိတ်ဖက်ဌာနများဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ /လုံ ဌာနခွဲတာဝန်ခံနှင့် မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)နှင့် ပူးပေါင်း၍ (၁၂.၁၂.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မုံရွာမြို့ပေါ်ရှိ ဆေးဆိုင်များအား စံနှုန်းနှင့် ညီ/မညီ၊ ရောင်းချမှု ရှိ/မရှိ များကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင်  မုံရွာမြို့ပေါ်ရှိ ဆေးဆိုင်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ PMS Activity အရ ဈေးကွက်အတွင်းရှိ ဆေးဝါးများ၏ အရည်အသွေးများကို စစ်ဆေးခြင်း၊ ဆေးဆိုင်များအား ကျန်းမာရေးရှုထောင့်၊ စားသုံးသူရှုထောင့်အရ ထိန်းချုပ်ဆေးဝါးထားသိုမှုများ၊ သက်တမ်းလွန်ဆေးဝါးများ၊ စံနှုန်းနှင့်မညီသောဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်း မရှိစေရန်နှင့် လိုင်စင်သက်တမ်းလွန်ပါက သက်တမ်းများတိုးစေရန်ဆောင်ရွက်ခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များကို သိရှိစေရန် ဆွေးနွေးပြောကြားခဲ့ပြီး ဌာန၏ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)