Main menu

မုံရွာမြို့၊ သလ္လာရပ်ကွက်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူ အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

    စစ်ကိုင်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၄.၁၂.၂၀၂၂) ရက်နေ့က မုံရွာမြို့၊ သလ္လာရပ်ကွက်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာအောင်က အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦစီးဌာနမှ လာရောက်ဟောပြောဆွေးနွေးခြင်းအတွက် ကြိုဆိုဂုဏ်ယူပါကြောင်း၊ အစားအသောက်၊ ဝန်ဆောင်မှုနှင့် ကုန်စည်စသော လူသုံးကုန်ပစ္စည်းများသုံးစွဲရာတွင် ဘေး အန္တရာယ်ကင်းရှင်ရေး၊ စားသုံးသူအသိပညာပေး ဟောပြောသော အချက်အလက်များအား ဆရာ/ မ များနှင့် ကျောင်းသား/သူများ သေချာမှတ်သားလိုက်နာကြပါရန် မှာကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ စားသုံသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံကလည်း ဌာန၏လုပ်ငန်းဆောင်ရွက်မှုများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား များအကြောင်း၊ စားသုံးသူနစ်နာမှုရှိက ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်မှုများအကြောင်း အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ပါသည်။ဆက်လက်၍ ဒု- ဦးစီးမှူး ဒေါ်ခင်မာချိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း ဆွေးနွေးဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲ၌ ဆရာ/မ၊ ကျောင်းသား/သူ  စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဌာန၏ စားသုံးသူပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)