Main menu

ပြည်တွင်းစီးပွားရေးကဏ္ဍာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ Thursday Talk  အသိပညာပေးဆွေးနွေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်တွင်းစီးပွားရေးကဏ္ဍာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့်အချက်များနှင့် စပ်လျဉ်း၍ ဝန်ထမ်းများအား“ပြည်တွင်းစီးပွားရေးကဏ္ဍာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့်နည်းလမ်းများ ခေါင်းစဉ်” ဖြင့် Thursday Talk အသိပညာပေး ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း (၁၄) ဦးတက်ရောက်ခဲ့ပါသည်။

        အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးမြင့်အောင် က ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strategy – NES)၊ အမျိုးသားပို့ကုန်၏ အကျဉ်းချုပ်၊ ဦးစားပေးကဏ္ဍများ၊ ပို့ကုန်လုပ်ငန်းများဆောင်ရွက်မှု             အ‌ခြေအနေများ ၊ ပို့ကုန်ယှဉ်ပြိုင်မှု အတားအဆီးများ၊ ဦးစားပေးကဏ္ဍနှင့် ဆောင်ရွက်ရမည့်လုပ်ငန်း များ၊ မျှော်မှန်းချက်နှင့် ဦးတည်ချက်များ ၊ အမျိုးသားပို့ကုန်မဟာဗျုဟာ၏ ဦးတည်ရာပစ်မှတ်များ၊     အကောင်အထည်ဖော်ဆောင်ရွက်မှုများ စသည့်ဆောင်ရွက်သင့်သည့်အချက်များကို ရှင်းလင်းပြော ကြားခဲ့ကြောင်း၊ တက်ရောက်သည့် ဝန်ထမ်းများကလည်း သိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြပြီး နေ့လယ် (၁၁:၃၀)နာရီအချိန် တွင် Thursday Talkဆွေးနွေးခြင်းအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းနှင့် Thursday Talk အသိပညာပေးဆွေးနွေးခြင်းဖြင့် ဝန်ထမ်းများ ပြည်တွင်းစီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားပြီး ပြည်တွင်းစီးပွားရေးကဏ္ဍလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ကယား)