စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)သည် (၁၂.၁၂.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀) နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး မကွေးမြို့၊ မြို့မစျေးရှိ ကုန်စုံဆိုင်များတွင် မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသော အစားအသောက် (၁၅)မျိုးအား ဈေးကွက်အတွင်းရောင်းချနေမှုရှိ/မရှိနှင့် ဌာန၏ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံမှုရှိ/မရှိ တို့အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များအပြင် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ပါဝင်မှု ရှိ/မရှိ ကိုလည်း အလေးထား စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား စားသုံးရန်မသင့်သော/ သက်တမ်းလွန်နေသော/ မှိုတက်နေသော/ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာမပါဝင်သော ကုန်စည်များအား ဆိုင်တင်မရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မတီ၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)