စားသုံးသူရေးရာဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင်ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သောအဖွဲ့သည် (၁၄.၁၂.၂၀၂၂)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီမှ(၁၃:၀၀)နာရီအထိ ဒေးဒရဲမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးဆီများတွင် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များ ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကွယ်ရေးဥပဒေပါပြဌာန်းချက်များကို အလေးထားလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)