Main menu

“ရွှေအားမာန် ” မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးရုံးမှ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ် တာဝန်ခံ စစ်ဆေးရေးအရာရှိတို့သည် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ “ရွှေအားမာန်” မုန့်လုပ်ငန်းအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် စက်ရုံ၏ ကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်မှု၊ ဈေးကွက်အခြေအနေ၊ လက်ရှိရင်ဆိုင်နေရသော အခက်အခဲများ မေးမြန်းဆွေးနွေး ခဲ့ပြီးနောက် ထုတ်လုပ်သောကုန်ပစ္စည်းများ၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေအား ၂၀၁၉ ခုနှစ်တွင် အသစ်ပြန်လည်ပြဌာန်းခဲ့ကြောင်း၊ ၎င်းဥပဒေတွင် စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် အခန်း (၁၈)တွင် ပြဌာန်း ထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ၌ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်တစ်ခုကိုထုတ်လုပ်ရာတွင် ကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲထုတ်လုပ်မှု အမှတ်စဉ်၊ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့် လိပ်စာ၊ထုတ်လုပ်သည့်နေရာ၊ ပါဝင်သောကုန်ကြမ်းပစ္စည်းများ၏ အမျိုးအမည်နှင့် ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့် ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များထည့်သွင်းဖော်ပြရန်နှင့် ကုန်အညွှန်း အမှတ်အသား လျှောက်ထားလိုပါက မိမိတို့ ဌာနနှင့် ဆက်သွယ်နိုင်ကြောင်း  ပြောကြားခဲ့ ပြီးနောက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)