Main menu

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ် ၊ ဂွမြို့နယ်တာဝန်ခံ၊ ဒေါ်မာမာလေး(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၉-၁၂-၂၀၂၂) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဂွမြို့၊ မြို့မရပ်ကွက် သိမ်တမံအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။

      အဆိုပါ ဟောပြောပွဲတွင် ဂွမြို့၊ မြို့မရပ်ကွက် သိမ်တမံအခြေခံပညာမူလတန်းလွန် ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြသီတာမှ အဖွင့်အမှာစကားပြောကြားပြီး ဂွမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဦးဇော်လေးနိုင်(ဒု-ကြီးကြပ်ရေးမှူး)မှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ အစားအသောက်နှင့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရေးနှင့် ကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုအား ပြည့်စုံစွာ ပါဝင်မှုရှိ/မရှိ သေချာစွာ လေ့လာဖတ်ရှုပြီးမှ ဝယ်ယူသုံးစွဲသင့်ကြောင်း အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)