ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ (၁၄.၁၂.၂၀၂၂)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ စက်ဆီ၊ ချောဆီအရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူ စားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကိုသာ ရောင်းချစေရန်၊ မှတ်ပုံတင်ထားခြင်းမရှိသည့် အရည်အသွေးမပြည့်မီသော စက်ဆီ၊ ချောဆီများ ရောင်းချခြင်းမ ပြုရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းအရာများ ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင် (၄) ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)