Main menu

ညောင်တုန်းမြို့နယ် ကျုံတမာကျေးရွာရှိ အလယ်တန်းကျောင်းတွင် စားသုံးသူ အသိပညာပေးဟောပြော

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကျုံတမာကျေးရွာ အလယ်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူ (၁၈၉)ယောက်အား (၁၄.၁၂.၂၀၂၂)နေ့ (၁၀:၀၀) နာရီမှ (၁၂:၀၀)အချိန်ထိ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

      အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ညောင်တုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးအောင်လွင်သည် ဌာန၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များအကြောင်း စားသုံးသူ၏ အခွင့်အရေးနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း၊ သုတေသနပြုခြင်းနှင့် ယင်းသုတေသနကို ပြန်လည်သုံးသပ်၍ စားသုံးသူများ၏ အကျိုးအတွက် ဆောင်ရွက်ပေးခြင်း၊ တိုင်ကြားလာမှုများကို စုံစမ်းစစ်ဆေးရန်(သို့) ဘေးအန္တရာယ်ရှိသော ကုန်စည်/ ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးနိုင်ရန်၊ ဈေးကွက်အတွင်းမှ ပပျောက်စေရန်အလို့ငှာ ဒုတိယ ဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ကုန်စည်/ ဝန်ဆောင်မှု ဘေးအန္တရာယ်ကင်းရှင်းစေရေးအလို့ငှာ စစ်ဆေးရန် လိုအပ်သည့် နေရာများသို့ ဝင်ရောက်စစ်ဆေးခြင်း၊ အချက်အလက်ရယူစုဆောင်းခြင်း၊ နမူနာပစ္စည်း ရယူခြင်းနှင့် သတင်းအချက်အလက်များရယူစုဆောင်း ခြင်းများကို စစ်ဆေးရေးအရာရှိအား တာဝန်ပေးအပ်ခြင်း၊  စားသုံးသူကို ကြီးမားသော အန္တရာယ် ဖြစ်စေသည့် သို့မဟုတ် နစ်နာဆုံးရှုံးစေမည့် ထူးခြားသော အခြေအနေတစ်ရပ်ရပ်ကို အချိန်မီတားဆီးဖော်ထုတ်နိုင်ရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ခြင်းစသောအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)