ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် မအူပင်မြို့အိုင်ဝိုင်းကျေးရွာရှိ မူလတန်းကျောင်းတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ (၁၄.၁၂.၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀)မှ (၁၂:၀၀)နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ (၂၀၁၉) စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းနှင့် စားသုံးရန်မသင့်သော အစားအသောက်များကို သိရှိနားလည်ပြီး ရွေးချယ်သုံးစွဲတတ်စေရန် ဥပမာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင် ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ကလေးများ စားသောက်နေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါဝင်သော မုန့်မျိုးကိုသာ ရွေးချယ်ဝယ်ယူ သုံးစွဲကြရန် နမူနာပြမုန့်များဖြင့် ရှင်းလင်းအသိပညာပေးခဲ့ကြောင်း ကျောင်းသား/ ကျောင်းသူ ဆရာ/ဆရာမ (၁၆၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)