စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)တို့ ပူးပေါင်း ကျင်းပသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီတွင် တောင်ငူမြို့၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကြူကြူဝင်းက အဖွင့် အမှာစကားပြောကြားပါသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်များနှင့် မျှော်မှန်းချက်များ၊ ဆောင်ရွက်ချက်များကို မိတ်ဆက်ပြောကြားပြီး မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန် အညွှန်းအမှတ်အသားများဖော်ပြရန် ဥပဒေပြဌာန်းချက်များနှင့် ကုန်အညွှန်းအမှတ်အသား၏ အရေးကြီးပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ခြင်းများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်စေရေးအတွက် ဦးစီးဌာနမှ ခန့်အပ်ထားသည့် စစ်ဆေးရေးအရာရှိများက ဈေးကွက်အတွင်း ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နေသည့်အကြောင်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)မှ ဆရာမတစ်ဦးက မော်တော်ယာဉ်များတွင် တိရစ္ဆာန်များတင်ဆောင်ခြင်းသည် အခြားခရီးသည်များကို စိတ်ပိုင်းဆိုင်ရာနစ်နာရှုံးရှုံးမှုဖြစ်စေပါသဖြင့် တိုင်ကြား၍ ရ/မရကို သိလိုကြောင်း မေးမြန်းခဲ့ရာ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က ပြန်လည်ရှင်း လင်းဖြေကြားပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာကြူကြူဝင်းနှင့် ဌာနမှူးများသည် ခရိုင်ဦးစီးမှူး ဦးမျိုးအောင် ၊ အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပါသည်။
ဟောပြောပွဲသို့ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)မှ ဒုတိယပါမောက္ခချုပ်နှင့် ဆရာဆရာမများ ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း ၂၄၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)