စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)နှင့်ခရိုင်ရုံးရှိ ဝန်ထမ်းများသည် (၁၃.၁၂.၂၀၂၂)ရက်နေ့ (၁၄:၀၀)မှ (၁၅:၃၀)နာရီအထိ မကွေးမြို့ ရာဇမုနိ ဘုန်းတော်ကြီးသင် စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးခြင်းနှင့် ကျောင်းမုန့်စျေးသည်များအား စားသုံးရန်မသင့်ဟု တားမြစ်ထားသော ကုန်စည်များ၊ သက်တမ်းလွန်နှင့် မှိုတက်နေသော ကုန်စည်များ ရောင်းချမှုရှိ/ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါ သည်။
မကွေးခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)မှ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်(Motto)၊ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက်( Mission)များ စားသုံးသူများရရှိနိုင်မည့် အခွင့် အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန်(၄)ချက်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်များ စားသုံးသူနစ်နာဆုံးရှုံးမှုများ အတွက် တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းနှင့် Internet နှင့် Mobile Application တွင် ဝင်ရောက်တိုင်ကြားပုံ Consumer Call N0-1535 သို့ ခေါ်ယူတိုင်ကြားနိုင်မှုများအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ(၇)ဦး၊ ကျောင်းသား/သူ (၁၃၇)ဦး၊ စုစုပေါင်း (၁၄၄)တက်ရောက်ခဲ့ပြီး ဌာနမှ စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(မကွေး)