
(၂၁-၉-၂၀၂၆) ရက်နေ့ ၊ နေ့လည် (၁၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ဘားအံမြို့ရှိ အ.ထ.က (၅) ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းမုန့်ဈေးတန်း (၃)ဆိုင်တွင် ရောင်းချနေသော စားသောက် ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံး သူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ က သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့် ကုန်စည် (၁၀) မျိုးထဲမှ အသင့်စား မုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်ခဲ့သည့်အပြင် စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်က ကျောင်းမုန့်ဈေးတန်းတွင် စားသောက်ကုန်များရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့် အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် စားသောက် ကုန်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
DOCA (ကရင်)
