Main menu

မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏ (၉/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့်အတည်ပြုပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေး ဥပဒေအရ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်တိုင်ကြားလာပါက ဥပဒေနှင့် အညီ ညှိနှိုင်းဖြေရှင်း အရေးယူဆောင်ရွက်လျက်ရှိပါသည်။  စားသုံးသူကာကွယ်ရေးနဉ်းဥပဒေတွင် ကော်မတီ၏ ပုံမှန် အစည်းအဝေးကို အနည်းဆုံး သုံးလလျှင် တစ်ကြိမ် ကျင်းပရမည်ဟု ပြဋ္ဌာန်းထားသော်လည်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ရန်အတွက် လစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ပုံမှန်ကျင်းပပြုလုပ်လျက်ရှိပါသည်။

     မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် ဖြေရှင်းဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် ဖြေရှင်းရန်ကျန် တိုင်ကြားမှုများ၊ ဈေးကွက်အတွင်း ဦးစားပေးကုန်စည်များ သတ်မှတ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးရန်အတွက်(၉/၂၀၂၆) စားသုံးသူရေးရာကော်မတီအစည်းအဝေးကို(၂၉-၉-၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၊ ဒုတိယဥက္ကဋ္ဌ ဦးဆောင်၍ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်စုစုပေါင်း(၈)ဦး တက်ရောက်ခဲ့ကြပါသည်။       

မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဒုတိယဥက္ကဌက အဖွင့်အမှာစကား ပြောကြားပြီး၊ အတွင်း ရေးမှူးက စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ချက်များအား အမှာစာဖြင့် ရှင်းလင်းတင်ပြခဲ့ရာတွင် ယခင် (၈/၂၀၂၆) စားသုံးသူရေးရာကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ထားရှိမှုအခြေအနေ များ၊ ယခင်လ အတွင်း အင်တာနက်တိုင်ကြားမှုများ၊ Sim Card လိုင်းမကောင်း၍ တိုင်ကြားမှုများ၊ Package ဝယ်ယူရာတွင် အဆင်မပြေ၍ တိုင်ကြားခြင်း၊ Online Shop မှဝယ်ယူရာတွင် အဆင်ပြေမှုမရှိ၍ တိုင်ကြားခြင်း၊ ဖုန်း ပြင်ဆင်ဆိုင်သို့ ဖုန်းပြင်ရာမှ အဆင်ပြေမှုမရှိ၍ တိုင်ကြားခြင်း၊ ဂေါက်ပစ္စည်းဝယ်ယူရာ အငြင်းပွားမှုများကို ဖြေရှင်း ခြင်းနှင့် ပရိဘောဂဝယ်ယူရာမှ အဆင်ပြေမှုမရှိ၍ တိုင်ကြားခြင်း စသည့် တိုင်ကြားမှုများအား  ဖြေရှင်းဆောင်ရွက် ပြီးစီးကြောင်း၊ ဖြေရှင်း ဆောင်ရွက်နေဆဲအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်မှု တိုင်ကြားခြင်း၊ ကားပြင်ရာမှ ကားဝပ်ရှော့အား တိုင်ကြားမှုဖြစ်စဉ်၊ Online Shop မှ ပစ္စည်းမှာယူရာ မရောက်ရှိ၍ တိုင်ကြားခြင်း၊ ပုဂ္ဂလိကကျောင်း ဝန်ဆောင်မှု ရယူ သုံးစွဲရာ အဆင်ပြေမှုမရှိ၍ တိုင်ကြားခြင်း၊ အင်တာနက်လိုင်းမကောင်း၍ တိုင်ကြားခြင်းနှင့် အဝတ် အထည်များ မှာယူရာတွင် အဆင်မပြေ၍ တိုင်ကြားခြင်း စသည့် တိုင်းကြားမှုများအား ဖြေရှင်းဆောင်ရွက်လျက် ရှိကြောင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသည့် ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နံနက်(၁၀:၀၀)နာရီအချိန် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)