
စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိစေရေးရည်ရွယ်၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၁)ရက် မှ(၁၅)ရက်အတွင်း၌ ပြည်မြို့နယ်တွင် ပြည်ခရိုင်ဦးစီးမှူးဦးဆောင်၍ ငုဝါလမ်း၊ နဝဒေးရပ် ကွက်ရှိ ဒေါ်သင်းထက်ထက်လှိုင်၏ “စွမ်း” ပဲကြော်လုပ်ငန်းနှင့် အမှတ်(၃၄)၊ ဦးလူကြီးလမ်း၊ ဂန္ဓမာ စက်မှုဇုန်ရှိ ဒေါ်ဝင်းဝင်းခိုင်၏ “ပတ္တမြား” အမှုန့်ကြိတ်လုပ်ငန်းသို့ လည်းကောင်း၊ ပြည်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် နဝဒေး စက်မှုဇုန်(၂)ရှိ ဦးသန်းနိုင်၏ “Morning” သောက်ရေသန့် လုပ်ငန်းနှင့် တီတွတ်စံပြကျေးရွာရှိ ဦးအောင်ဌေး၏ “စံပြ” ဆန်စက်သို့လည်းကောင်း၊ ရွှေတောင်မြို့ နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ယွန်းတန်းရပ်ကွက်၊ ကျောင်းကြီးအိုးတန်းလမ်းရှိ ဦးဇာနည်ထွန်း ၏ “La Pyae” သောက်ရေသန့်လုပ်ငန်းသို့ လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အမှတ်(၅)ရပ်ကွက်ရှိ ဒေါ်သင်းသင်းကြည်၏ “ရွှေစင်” ဆီစက်နှင့် အမှတ်(၂)ရပ် ကွက်ရှိ ဦးတင်ထွဋ်အောင်၏ “Super Fine” သောက်ရေသန့် လုပ်ငန်းသို့လည်းကောင်း သွားရောက် ၍ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလ များတွင် ကွင်းဆင်းစစ်ဆေးမှုများ နှင့်အတူအရေးယူဆောင်ရွက်မှုများပြုလုပ်ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
