
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် (၁၆.၉.၂၀၂၆) ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဟင်္သာတမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်၊ ဒု-စုံစမ်းစစ်ဆေးရေးမှူး သန်းထိုက်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒု-ဦးစီးအရာရှိ ဦးရဲစိုး၊ ဟင်္သာတမြို့ရဲစခန်းမှ ဒုရဲအုပ် ကျော်သူရိန်၊ ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တိုင်းကော်မတီ စာရင်းစစ်အဖွဲ့ဝင် ဦးမင်းမင်းထွန်းတို့အဖွဲ့သည် လယ်တီကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးဆီဖြန့်ဝေပေးနေမှုအားလည်းကောင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း က သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် ဟင်္သာတမြို့ပေါ် စားသုံးဆီဖြန့်ဖြူး ရောင်းချ သည့် လက်ကား/လက်လီ အရောင်းဆိုင်များအား စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ် ရည်ညွှန်းဈေးအတိုင်းဖြန့်ဖြူးရောင်းချမှုရှိ/မရှိနှင့်စားအုန်းဆီများအားပြည်သူများလက်ဝယ်အရောက် အမှန်တကယ်ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားအုန်းဆီဖြန့်ဖြူးခွင့်ရရှိထားသည့် လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး နှင့် စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များအား အသိပညာပေးမှာကြားခဲ့ပြီး၊ လိုအပ်သည်များကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပြောဆိုမှာကြားခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရှိရပါသည်။
DOCA ဧရာဝတီ
