Main menu

ဓနုဖြူမြို့နယ် ကမ်းငူလေးကျေးရွာရှိ ဘုန်းတော်ကြီးစာသင်ကျောင်းတွင် စားသုံးသူ အသိပညာပေးဟောပြော

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ တာဝန်ရှိသူများသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကမ်းငူလေးကျေးရွာရှိ ဘုန်းတော်ကြီးစာသင်ကျောင်းတွင် ကျောင်းသား/ ကျောင်းသူ (၁၆၀)ယောက်အား (၁၆.၁၂.၂၀၂၂)နေ့ (၀၉:၄၅) နာရီမှ (၁၁:၃၀)အချိန်ထိ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောမှု ပြုလုပ်ခဲ့ကြပါသည်။

          အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဓနုဖြူမြို့နယ် ဦးစီးမှူးဦးဝင်းမင်းစိုးက  စားသုံးသူရေးရာဦးစီးဌာန၏ မျော်မှန်းချက်၊ ရည်မှန်းချက်နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်း ၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူတို့သည် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှု ဆိုသည်မှာ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကို ဖြစ်စေ၊ နာမည်ဂုဏ်သတင်းကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ထိခိုက်စေခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ ကုန်အညွှန်းအမှတ်အသားဆိုသည်မှာလည်း ကုန်စည် သို့မဟုတ် ကုန်စည် ထု်ပိုးမှု အပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်း တစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသည့်ကုန်စည်နှင့် သက်ဆိုင်သည့် အချက်အလက် သို့မဟုတ် အမှတ်အသားကိုဆိုလိုခြင်းဖြစ်ကြောင်းတို့ကိုရှင်းလင်းပြီး မိမိတို့ ရွေးချယ်ဝယ်ယူ အသုံးပြုနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်သော ကုန်စည်ကိုသာ ရွေးချယ်ဝယ်ယူအသုံးပြု ကြရန်နှင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကြောင့် စားသုံးသူ နစ်နာဆုံးရှုံးမှု ရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)