Main menu

အသိပညာပေးဟောပြောခြင်း

Powered by Drupal

     စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊စိတ်ကျေနပ်မှုရရှိစေရေးအတွက် အာမခံ ချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့် ဆည်းပေးနိုင်ရန်ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဒေါ်အိမွန်ခိုင် (အကြီးတန်းစာရေး)နှင့် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် ၁-၁၀-၂၀၂၆ ရက်နေ့ ၁၁:၀၀ နာရီ အချိန်တွင် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်ရှိ ဖိုက်-ဝမ်း ကိတ်နှင့်မုန့်မျိုးစုံ ထုတ်လုပ်သည့် လုပ်ငန်းအလုပ်ရုံမှ လုပ်သား(၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက် ခဲ့ပါသည်။

              ထိုသို့ ဟောပြောရာတွင် ဒေါ်အိမွန်ခိုင် (အကြီးတန်းစာရေး)က ၂၀၁၉ခုနှစ်၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့် အရေး(၈)ချက်နှင့် တာဝန်(၄)ချက်အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေးများ ချိုးဖောက်ခြင်းခံရပါက ကုစားခွင့်ရရှိနိုင်ရေး ဆောင်ရွက်နိုင်သည့် နည်းလမ်း များနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ ဥပဒေပါတားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက်လည်း တိုင်ကြားရန် CICC ရုံးခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် ဖြေရှင်းပေးနေမှုအခြေအနေအကြောင်းတို့အား အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။     

DOCA(ကချင်)