Main menu

ဆောင်းနှမ်းများစတင်စိုက်ပျိုး

Powered by Drupal

               မန္တလေးတိုင်းဒသကြီး၊ ညောင်ဦးခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကိုလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိရာ ဆီထွက်သီးနှံဖြစ်သော ဆောင်းနှမ်းကိုလည်း စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ညောင်ဦးမြို့နယ်၌ (၂၀၂၆-၂၀၂၇) စိုက်ပျိုးရာသီတွင် (၁၂၀၅) ဧကလျာထားရာပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန စာရင်းများအရသိရသည်။

           ညောင်ဦးမြို့နယ်တွင် စက်တင်ဘာ(၉)ရက်က ကြယ်လွဲမိုးများရွာသွန်းခဲ့၍ ဆောင်းနှမ်းများ စိုက်ပျိုးလျက်ရှိကြောင်း ဆောင်းနှမ်းကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ရိတ်သိမ်းရကြောင်း၊  နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်မျိုးများစိုက်ပျိုးကြပြီး နှမ်းမျိုးဈေးနှုန်း များအနေဖြင့် နှမ်းညို(၁)ပြည် ၁၁၀၀၀ကျပ်၊ နှမ်းဖြူ(၁)ပြည် ၁၂၀၀၀ကျပ်၊ နှမ်းနက်(၁)ပြည် ၁၅၀၀၀ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ မျိုး (၃/၄)ပြည်ခန့် ကုန်ကျကြောင်း၊ ပတ်ကျဲစနစ်ဖြင့် အများဆုံးစိုက်ပျိုးကြပြီး ထွန်စက်ခဈေးနှုန်းအနေဖြင့် (၁)နာရီလျှင် (၈၀၀၀၀)ကျပ်ပေးရကြောင်း၊ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ မင်းနန်သူ၊ ဖွားစော၊ သူဌေးကန်၊ ကုန်းတန်းကြီး၊ဖျောက်ဆိပ်ပင်၊ သန့်စင်ကြယ် တောင်ဘကျေးရွာများတွင် စိုက်ပျိုးကြကြောင်း ယခုလက်ရှိနှမ်းဈေးနှုန်းများအနေဖြင့် နှမ်းဖြူတစ် တင်းလျှင် (၁၆၀၀၀၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင်(၁၆၅၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၁၈၀၀၀၀)ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ဈေးကွက်အနေဖြင့် ညောင်ဦးမြို့ရှိ ပွဲရုံသို့ တိုက်ရိုက်တင်ပို့ရောင်းချပြီး ပွဲရုံများမှ တစ်ဆင့်မန္တလေး၊ ရန်ကုန်မြို့သို့ တင်ပိုရောင်းချကြောင်း နှမ်းအထွက်အနှုန်းနှင့် ဈေးနှုန်းပိုကောင်းပါက အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း နှမ်းစိုက်တောင်သူ တစ်ဦးထံမှသိသည်။

DOCA(မန္တလေး)