Main menu

ဘီးလင်းမြို့နယ်ရှိ (My RO) တွင် မှတ်ပုံတင်ထားသော ဆန်စပါးသိုလှောင်ရုံများအား ကွင်းဆင်းခြင်းဆောင်ရွက်

Powered by Drupal

 

၇.၁၀.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာရှိ (My RO) တွင် မှတ်ပုံတင်ထားသော ဆန်စပါး သိုလှောင်ရုံများအား ကွင်းဆင်းခြင်း ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စပါးသိုလှောင်ရုံများ၏ သိုလှောင်ထားရှိမှု အခြေ အနေ၊ ဆန်စပါးလက်ကျန်အခြေအနေ၊ ဆန်စပါးဝင်ထွက်မှုအခြေအနေများအား စစ်ဆေးမေး မြန်းခဲ့ပြီး MyRo တွင် ကုန်ရ၊ ကုန်ထုတ်နှင့် ကုန်လက်ကျန်စာရင်းများကို ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းထားရှိရေး၊ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာစည်းမျည်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် အသိပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

                                                                                                  DOCA (မွန်)