Main menu

မြင်းခြံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

           (၁၂.၁၀.၂၀၂၆)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ အချိန် မြင်းခြံမြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေးသင်တန်းသို့ တက်ရောက်နေ သည့် သင်တန်းသား/သင်တန်းသူ(၉၀)ဦးအား မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးနေဆိုသော ခေါင်းစဉ်ဖြင့် ဥပဒေပါအကြောင်းအရာများအား ပို့ချဆွေးနွေး ခဲ့ပါသည်။

           အဆိုပါ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ဥပဒေပြဌာန်း ပေါ်ပေါက်လာပုံအကြောင်း၊ ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊  သင်တန်းလာရောက်ပို့ချရခြင်း၏ ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သေချာစွာစိစစ်ကြည့်ရှု့ ဝယ်ယူ ရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် အစားအစာများ၊ အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူစားသောက်သုံးစွဲရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါသော၊ ကုန်အညွှန်းအမှတ် အသားများပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ်ပါကြောင်း စသည် ဖြင့် ဥပဒေပါ စီးမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်နိုင်သည့် ပုဒ်မ ၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးကော်မတီ၏ အရေးယူဆောင်ရွက်နိုင်သည့် ပုဒ်မ၊ ပြစ်မှု ၊ ပြစ်ဒဏ်များ အကြောင်း ပို့ချဆွေးနွေးခဲ့ရာ သင်တန်းသား၊ သင်တန်းသူများမှ သိရှိနားလည်လိုသည်များကို မြေးမြန်းခဲ့ရာကြရာ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး စားသုံးသူအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)