၂၅.၂.၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး နှင့် ပုသိမ်ခရိုင်ဦးစီးမှူး ဉီးဆောင်သောအဖွဲ့သည် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဉီးစီးမှူးရုံးတွင် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီ က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး နှင့် ပုသိမ်ခရိုင်ဦးစီးမှူးတို့မှ စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စားသုံးသူများ၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်များ၊ ဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် CICC တိုင်ကြားမှုကိစ္စများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များ နှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဈေး/ရပ်ကွက် စားသုံးသူရေးရာ ကော်မတီများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်စည်ထုတ်လုပ်သူနှင့် ဖြန့်ဖြူးရောင်းချသူများ စုစုပေါင်း (၁၀၂) ဦးခန့် တက်ရောက်ခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး/ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဈေး/ရပ်ကွက် စားသုံးသူရေးရာ ကော်မတီများ ပူးပေါင်း၍ ကျုံပျော်မြို့ မြို့မဈေးအတွင်း စားသုံးသူပြည်သူများ နေ့စဉ် စားသောက်သုံးစွဲလျက်ရှိသော စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ် ဖော်ပြမှုနှင့် အလေးချိန် ပြည့်မီခြင်း ရှိ/မရှိ၊ သက်တမ်းလွန် စားသောက်ကုန်များရှိ/မရှိ အသိပညာပေးစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန