စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းတို့သည် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ (၇)ရပ်ကွက်(၁၃)လမ်းထိပ်ရှိ မုန့်မျိုးစုံဆိုင်ရှိကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပါဝင်ခြင်းရှိ/မရှိဈေးကွက်စောင့် ကြည့်ကွင်းဆင်းစိစစ်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသောမုန့်မျိုးစုံများတွင် ကုန်အညွှန်းအမှတ်အသားပါ ဝင်ဖော်ထားခြင်းရှိ/မရှိစိစစ်ခြင်း သက်တမ်းလွန်သော မုန့်များကိုသေချာစွာစိစစ်၍ ရောင်းချခြင်းမပြုရန်နှင့် မြန်မာဘာသာနှင့်ဖော်ပြထားခြင်းမပြုသော ကုန်စည်များကိုဝယ်ယူရောင်းချခြင်းမပြုရန်၊ တရားမဝင်ကုန်စည်များလည်း ဝယ်ယူတင်သွင်းဖြန့်ဖြူးရောင်းချခြင်းမပြုရန်၊ တိုက်တွန်းပြောကြားခဲ့ပြီး ဈေးနှုန်း၊ဈေးကွက်အခြေအနေများကိုလည်း မေးမြန်းစုံစမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)