Main menu

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ အတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊  စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ် အလိုက် စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းတွင်လည်းကောင်း၊ မုံရွာမြို့၊ သလ္လာရပ်ကွက်၊ အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်းတွင်လည်းကောင်း၊  ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် တမူးမြို့၊ စော်ဘွား(၁) ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊  မင်းကင်းမြို့နယ်၊ အင်းတောင်း ကျေးရွာ၊ အင်းတောင်း အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ ကလေးဝမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “Talk Show” အစီအစဉ် ပြုလုပ်၍ လည်းကောင်း၊ ကလေးဝမြို့နယ်၊ ကိုင်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် လည်းကောင်း၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်း ကျောင်းတွင် လည်းကောင်း၊ ကန့်ဘလူမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် “Talk Show” အစီအစဉ်ပြုလုပ်၍လည်းကောင်း၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊ ရွှေမင်းဝန်ရပ်ကွက်၊ မြို့နယ် အခြေခံပညာအလယ်တန်းကျောင်းတွင်လည်းကောင်း၊ စစ်ကိုင်းမြို့၊ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနတွင်လည်းကောင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ အမှတ်(၄၁၁) အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ မုံရွာမြို့၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်လည်းကောင်း၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ အမှတ် ( ၃) အခြေခံပညာ အထက်တန်းကျောင်းတွင် လည်းကောင်း၊ ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာအလယ်တန်း ကျောင်းတွင် လည်းကောင်း စုစုပေါင်း (၁၄)ကြိမ် အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက် တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ်တိုင်ကြား နိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှု ဖြစ်စဉ်များကို အသိပညာပေး ဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း၊ ထို့အပြင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးမှုများကို တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးရုံး အနေဖြင့် (၃)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၅)ကြိမ်၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၉)ကြိမ်၊ မုံရွာခရိုင် ဦးစီးမှူးရုံး အနေဖြင့် (၄)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၃)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် (၆)ကြိမ် စုစုပေါင်း (၃၄)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များ၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပြည့်စုံစွာပေးရန် စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန် အချက်များကို ရှင်းလင်းဆွေးနွေး အသိပညာပေးခြင်း၊ ရည်ညွှန်းဈေး သတ်မှတ်ထားသော ကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့် သက်ဆိုင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)