Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးခန်းမတွင် Thursday Talk အခမ်းအနား၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာမျှဝေဆွေးနွေးခြင်း Thursday Talk ကို (၂) ပတ်တစ်ကြိမ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။  ၂၉-၁၂-၂၀၂၂ ရက်နေ့ နေ့လယ် (၂း၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ အဂတိလိုက်စားမှုတားဆီးရေး အသိပညာပေးဆွေးနွေးကို ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း (၃၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရ ပါသည်။

      အဆိုပါ Thursday တွင် သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေး ဌာနခွဲမှ တာဝန်ခံ ဒေါ်မိုးသီတာလင်း(ဦးစီးအရာရှိ) က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းကဏ္ဍနှင့် တားဆီးကာကွယ်ခြင်းကဏ္ဍဟူ၍ အပိုင်း(၂)ပိုင်းခွဲ  ဆွေးနွေးခဲ့ ပါသည်။ အသိပညာပေးခြင်းကဏ္ဍတွင် အဂတိလိုက်စားမှု၏ အဓိပ္ပါယ်၊ အဂတိတရား(၄)ပါး၊ အဂတိ လိုက်စားမှုပုံစံများ၊ အဂတိလိုက်စားမှုအမျိုးအစားများ၊ အဂတိလိုက်စားမှုကြောင့်ဖြစ်ပေါ်သည့် နစ်နာမှု များ၊ အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များ၊ အဂတိလိုက်စားမှု၏ သက်ရောက်မှုများ၊ UNCA (ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း)၏ အဂတိလိုက် စားမှုဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များအကြောင်း ဆွေးနွေးခဲ့ပါသည်။

   တားဆီးကာကွယ်ခြင်းကဏ္ဍတွင် အဂတိလိုက်စားမှု၏ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတားဆီး ကာကွယ်ခြင်း၏ အကျိုးကျေးဇူးများ၊ ဝန်ကြီးဌာန၏အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး မူဝါဒ (၇)ချက်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU)ဖွဲ့စည်းရသည့်ရည်ရွယ်ချက်၊ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ တိုင်း/ပြည်နယ်/နယ်စခန်းများအလိုက် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ ဖွဲ့စည်းထားရှိမှု၊ (CPU)အဖွဲ့များ၏ လုပ်ငန်းတာဝန်(၃)ရပ်၊(CPU)အဖွဲ့များအတွက် လုပ်ငန်း အစီအစဥ် (၆) ရပ်၊ အများပြည်သူထံမှ တုန့်ပြန်မှုရယူခြင်းအစီအစဥ်(PFP) လုပ်ငန်းဆောင်ရွက်ပုံ၊ အဂတိ လိုက်စားနိုင်ခြေအန္တရာယ်ရှိမှုစမ်းစစ်ခြင်း(CRA)၊ (CRA )ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သော အကျိုး ကျေးဇူးများနှင့် တိုင်ကြားရာတွင် သတိပြုရမည့်အချက်များအကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။  ဟောပြောပွဲတွင် တက်ရောက်လာသော ဝန်ထမ်းများမှလည်း သိရှိလိုသည့်မေးမြန်းမှုများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)