Main menu

မကွေးမြို့၊ ကံလှကျေးရွာ၌ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ (မကွေး)စင်တာ၏ ပဲစဉ်းငုံသီးနှံ စုပေါင်းရောင်းချပွဲသို့ ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင် ဦးစီးမှူးဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)သည် (၂၇.၁၂.၂၀၂၂)ရက်နေ့ (၁၃:၀၀)အချိန်တွင် မကွေးမြို့၊ ကံလှကျေးရွာ၌ ဖွင့်လှစ်ထားသော တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ (မကွေး)စင်တာသို့ သွားရောက်ပြီး ပဲစဉ်းငုံသီးနှံစိုက်ပျိုးထားသော တောင်သူများထံမှ ပဲစဉ်းငုံသီးနှံဝယ်ယူရရှိမှုနှင့် စျေးနှုန်းအခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

         မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးစိုးလွင်အေးနှင့်တွေ့ဆုံ မေးမြန်းခဲ့ရာ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့အနေဖြင့် ရေနံချောင်းမြို့၊ စက်မှုဇုန်ရှိ (New One) စက်ရုံတွင်  စင်တာ(၁)ခုနှင့် မကွေးမြို့၊ကံလှကျေးရွာရှိ(GPS)စက်ရုံတွင် စင်တာတစ်ခု စုစုပေါင်းစင်တာနှစ်ခုဖွင့်လှစ် ဝယ်ယူလျက်ရှိကြောင်း၊ ရေနံချောင်းစင်တာအား (၁၂.၁၂.၂၀၂၂)ရက်နေ့တွင် ပဲစဉ်းငုံ(၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၅၉၃၀၀)ဖြင့်ဝယ်ယူခဲ့ပြီး၊ (၂၇.၁၂.၂၀၂၂)ရက်နေ့တွင် ပဲစဉ်းငုံ(၂၀)ပိဿာ (၁)တင်းလျှင် ကျပ် (၅၃၈၀၀)ဖြင့် (၁၂.၁၂.၂၀၂၂)ရက်နေ့မှ (၂၇.၁၂.၂၀၂၂)ရက်နေ့အထိ ပဲစဉ်းငုံ(၁၄၅၉၉)တင်း၊ တန်အနေဖြင့် (၄၇၇)တန် ဝယ်ယူပြီးဖြစ်ကြောင်းနှင့် (မကွေး)စင်တာအား (၁၅.၁၂.၂၀၂၂)ရက်နေ့တွင် ပဲစဉ်းငုံ(၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၅၈၃၀၀)ဖြင့်စတင်ဝယ်ယူခဲ့ပြီး (၂၇.၁၂.၂၀၂၂)ရက်နေ့တွင် ပဲစဉ်းငုံ (၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၅၄၀၀၀)ဖြင့် (၁၅.၁၂.၂၀၂၂)ရက်နေ့မှ (၂၇.၁၂.၂၀၂၂)ရက်နေ့အထိ ပဲစဉ်းငုံ(၃၀၅၁)တင်း၊ တန်အနေဖြင့်(၁၀၀)တန် ဝယ်ယူပြီးဖြစ်ပါကြောင်း၊ စုစုပေါင်းစင်တာ(၂)ခုပေါင်း အနေဖြင့် (၁၇၆၅၀)တင်း တန်အနေဖြင့်(၅၇၇)တန် ဝယ်ယူပြီး ဝယ်ယူရရှိသော ပဲစဉ်းငုံသီးနှံများကို  မကွေးမြို့မှ ရန်ကုန်မြို့သို့ တင်ပို့ကြောင်းသိရှိရပါသည်။

      ထို့နောက်တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့(မကွေး)စင်တာသို့ လာရောက်ရောင်းချသော တောင်သူများအားတွေ့ဆုံ၍ ယခုကဲ့သို့ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့သို့ လာရောက်ရောင်းချခြင်းနှင့် ပုဂ္ဂလိကပွဲရုံများသို့ သွားရောက်ရောင်းချရာတွင် ကွာခြားမှုအခြေအနေကို မေးမြန်းခဲ့ရာ ပုဂ္ဂလိကပွဲရုံများက သီးနှံများအား ဒီဂျစ်တယ်ကတ္တားဖြင့် ချိန်တွယ်ဝယ်ယူရာ၌ အိတ်(၁)လုံးအလေးချိန်၊ (၂၅)ကျပ်သား ဖြတ်တောက်ပြီး ရရှိသည့်အလေးချိန်၌လည်း အစွန်းထွက်များအား ပွဲရုံကဖြတ်တောက်ကြကြောင်းနှင့် တိုင်းတောင်သူ ဖွံ့ဖြိုးရေးအဖွဲ့က အိတ်(၁)လုံးအလေးချိန်အတွက် အဝက်သားသာဖြတ်တောက်ပြီး အစွန်းထွက်များကအစ အတိအကျပေးချေသဖြင့် ပဲစဉ်းငုံသီးနှံတစ်အိတ်လျှင် ကျပ်(၈၀၀)ခန့် ပိုမိုရရှိကြောင်း တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ဝင် ဝက်သိုက်ကျေးရွာမှ တောင်သူဦးကိုဖြူ၏ပြောကြားချက် အရသိရှိရပါသည်။

DOCA(မကွေး)