Main menu

သီရိမင်္ဂလာဈေးအတွင်းရှိ အသား/ငါးများ သန့်ရှင်းလတ်ဆက်မှုနှင့် သန့်ရှင်းသောရောင်းချမှုစနစ် ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ(၂၉)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင်  လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ အသား/ငါး/ကြက်ဥ/ဘဲဥရောင်းချနေသောဆိုင်များသို့ လတ်ဆက်မှုရှိ/မရှိနှင့် သန့်ရှင်းသောရောင်းချခြင်းစနစ် ရှိ/မရှိ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ပါသည်။   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးအတွင်းရှိ ကြက်သား/ငါးများကို ရန်ကုန်တိုင်းဒေသ ကြီးနှင့် တောင်ကြီးမြို့မှ အများဆုံးမှာယူ တင်သွင်းရောင်းချကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအင်းမှ ငါးများနှင့်ဒေသငါးများလည်း မှာယူတင်သွင်းရောင်းချသည်ကို တွေ့ရှိရပါကြောင်း၊ ရောင်းချသောဈေးသည်များအနေဖြင့် Masks များနှင့် ရာဘာလက်အိတ်များ ဝတ်ဆင်ပြီး စနစ်တ ကျ ရောင်းချရန်လိုအပ်ကြောင်း၊ ဈေးသည်များအနေဖြင့် အလေးချိန်မှန်ကန်စွာ ရောင်းချရန်လို ကြောင်း၊ စစ်ဆေးနေစဉ်အတွင်း သန့်ရှင်းလတ်ဆက်မှုမရှိသော အသားအနည်းငယ်ကို တွေ့ရှိရပါသ ဖြင့် စည်ပင်သာယာရေးအဖွဲ့မှသိမ်းဆည်းကာ မီးရှို့ဖျက်ဆီးခဲ့ပါကြောင်းနှင့် သန့်ရှင်းလတ်ဆက်မှု မရှိသော အသား၊ ငါး၊ ဥများနှင့် ကူးစက်ရောဂါရနေသော အသား/ ငါးများအား ရောင်းချခြင်းမပြုရန် အသား/ ငါး/ ကြက်ဥ/ ဘဲဥများ ရောင်းချနေသော ဆိုင်(၂၆)ဆိုင်အား အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)